Today marks four years since the military coup in Myanmar—a painful reminder of the ongoing struggle for democracy, justice, and freedom. Since four years the people of Myanmar have shown extraordinary resilience, refusing to surrender to dictatorship despite relentless repression.
Once again we gathered in front of the Myanmar Embassy in Berlin, to ensure that the current Charge d’Affairs Han Thein Kyaw hears us. Activists, artists, and members of the Myanmar community from Germany, Austria and Denmark came together in a powerful and moving protest against the brutal military junta. We transformed the embassy's surroundings into a space of defiance and solidarity, holding up posters and banners demanding justice. Our speeches and songs of resistance channeled the voices of those who have suffered under the junta’s oppression.
Our action was not just a protest—it was a declaration: the world has not forgotten Myanmar. The people’s fight for democracy, freedom, and dignity continues, and the voices of the resistance will not be silenced. Across the country and around the world, voices continue to rise in defiance - from the streets to the frontlines, from exile to underground networks, the resistance remains unbroken. The sacrifices of those who have fought and fallen will not be in vain.
#WhatsHappeningInMyanmar #GermanyForMyanmar #ResistTheJunta #Solidarity #NeverForgetNeverForgive
စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု (၄)နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြပွဲ
ယနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု (၄)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် လွတ်လပ်ခြင်းအတွက် တိုက်ပွဲကို အမှတ်ရရသည့် နေ့လည်း ဖြစ်ပါသည်။ လွန်ခဲ့သည့် (၄) နှစ်ကတည်းက မြန်မာပြည်သူလူထုသည် စစ်တပ်၏ ပြင်းထန်ကြမ်းတမ်းလှသည့် ဖိနှိပ်မှုများကို ကြောက်ရွံ့ခြင်းမရှိဘဲ၊ လေးစားဖွယ်ကောင်းလှသည့် တော်လှန်စိတ်ဓာတ်ကို သက်သေပြခဲ့ပြီ ဖြစ်ပါသည်။ ထိုတော်လှန်စိတ်ဓာတ်ကို ဘာလင်မြို့၊ မြန်မာသံရုံး၏ လက်ရှိသံရုံးတာဝန်ခံ ဟန်သိန်းကျော် ကြားသိရန်လည်း မနေ့ (၃၁.၀၁.၂၀၂၅) က ဆန္ဒပြသခဲ့ပြီးဖြစ်ပါသည်။ ထိုဆန္ဒပြပွဲသို့ ဂျာမနီနိုင်ငံအနှံ့အပြား၊ ဩစတြီးယားနှင့် ဒိန်းမတ်နိုင်ငံတို့မှ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်များတို့က တက်ရောက်ပူးပေါင်းခဲ့ကြပါသည်။
ဤဆန့်ကျင်ဆန္ဒပြပွဲသည် ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုတည်းတင် မဟုတ်ပါ။ ဤဆန္ဒပြပွဲသည် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို ကမ္ဘာကြီးက မေ့မနေကြောင်း၊ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်နေကြောင်း၊ နွေဦးတော်လှန်ရေးအတွင်းတွင် မြင့်မြတ်စွာ အသက်ပေးခဲ့ကြသော သူရဲကောင်းများကို လေးစားစွာ အလေးပြုလျက်ရှိကြောင်း၊ လမ်းပေါ်မှသည် ရှေ့တန်းအထိ ရဲရင့်စွာ တိုက်ပွဲဝင်နေကြသည့် သူရဲကောင်းများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ပြသခြင်းလည်း ဖြစ်ပါသည်။